ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို ခေါ်ယူဖို့လုပ်ဆောင်ခဲ့ပေမဲ့ လက်လွှတ်ခဲ့ရတဲ့အပေါ် လီဗာပူး နည်းပြကလော့ပ်က ပြန်လည်ဖြေရှင်းသွားပါတယ်။
အီကွေဒေါကွင်း လယ်ကစားသမား ကိုင်စီဒိုနဲ့ လာဗီယာတို့ဟာ လီဗာပူးအသင်းရဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ပြီး ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့သွားခဲ့တာပါ။
အဲဒီကစားသမားနှစ်ဦး အသင်းဆီပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်ပြီး ကိုင်စီဒိုက စိတ်ခံစားချက်နဲ့အညီ ချဲလ်ဆီးအသင်းနဲ့ ကြိုတင်သဘောတူညီခဲ့တာကြောင့်ဖြစ်ကြောင်း၊ လာဗီယာကတော့ သူ့ကိုယ်ပိုင်အကြောင်းပြချက် ရှိမှာဖြစ် ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ဘရိုက်တန်ကွင်းလယ်လူ အလစ်စတာကို ခေါ်ယူခဲ့ပြီးချိန်မှာ တွဲဖက်ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြောင်းလည်း ကလော့ပ်က ပြောပါတယ်။
အဲဒီနောက် လူငယ်ဘက်ဆက်တစ်ကို အသုံးပြုဖို့လျာထားခဲ့ပေမဲ့ ဒဏ်ရာပြဿနာရှိ ခဲ့တာကြောင့် ဂျပန်ကွင်းလယ်လူ အန်ဒိုကို အစားထိုးခေါ်ယူခဲ့တာဖြစ်ကြောင်း နည်းပြ ကလော့ပ်က ပြောသွားပါတယ်။
Photo - Reuters