ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တရုတ်က ပုံမှန်စစ်ရေး လေ့ကျင့်နေရင်း လက်တွေ့ တိုက်ခိုက်မှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားတဲ့ ဖြစ်ရပ်မြင်ကွင်းကို အသွင်ယူပြီး ထိုင်ဝမ်စစ်တပ်က ဇန်နဝါရီ ၃၁ ရက်မှာ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ တရုတ်က ထိုင်ဝမ်ကျွန်းနားမှာ နောက်ထပ် “တိုက်ပွဲဝင်ဖို့ အဆင်သင့် ပုံစံနဲ့ ကင်းလှည့်ခဲ့ပါတယ်။ ကောင်းရှုံနဲ့ ထိုင်တန်မြို့တွေမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ရေတပ် သင်္ဘောတွေ၊ တင့်ကားတွေ၊ သံချပ်ကာတင်သင်္ဘောတွေ ပါဝင်လေ့ကျင့်ပါတယ်။ တပ်မတော်က ရန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေ မကြာခဏတိုးလာတာကို ရင်ဆိုင်ရင်း စစ်တပ်ရဲ့ လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေ ပိုကောင်းလာတယ်"လို့ စစ်တပ်အရာရှိ ခို့တင်းယိက မီဒီယာတွေကို ပြောပါတယ်။
ထိုင်ဝမ်အစိုးရက ကန့်ကွက်နေပေမဲ့ တရုတ်စစ်တပ်ဟာ သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုထားတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ရဲ့ အချုပ်အခြာ အာဏာကို လက်ခံဖို့ ဖိအားပေးရေး ကြိုးပမ်းတဲ့အနေနဲ့ ကျွန်းတဝိုက်က ကောင်းကင်နဲ့ ပင်လယ်တွေမှာ တရုတ် လက်နက်ကိုင်တပ်ဖွဲ့တွေက ပုံမှန် ကင်းလှည့် စစ်ရေးလေ့ကျင့်နေတာပါ။
တရုတ် စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ ပူးတွဲတိုက်ခိုက်ရေး အဆင်သင့်ဖြစ်တဲ့ပုံစံနဲ့ ကင်းလှည့်လေ့ ရှိတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်လေယာဉ် ၂၂ စင်း ပါဝင်ကင်းလှည့်ခဲ့တယ်လို့ ဇန်နဝါရီ ၃၁ ရက်က အစီရင်ခံခဲ့ပါတယ်။
Source/Photo-Reuters