ပီရူးအာဏာပိုင်တွေဟာ ဥရောပကို ပို့ဆောင်ဖို့ ထုပ်ပိုးထားတဲ့ သစ်သားပြားတွေအတွင်းမှာ ပုံဖျက် ဖုံးဝှက်ထည့်သိုထားတဲ့ မူးယစ်ဆေးဝါး ၇ ဒသမ ၂ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသစ်သားပြားတွေကို အနက်ရောင် ပလတ်စတစ် စွပ်ထားတဲ့ အောက်ခံပေါ်ရှိ ကိုကင်းရဲ့အနံ့ကို မူးယစ်ဆေးဝါး အနံ့ခံရဲခွေးတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။
ဒီမူးယစ်ဆေး ၇ တန်ကျော်ဟာ ပီရူးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်ကြေးရှိမှာ ဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန်တို့မှာတော့ ဒေါ်လာ သန်း ၃၀၀ ကျော် တန်ကြေး ရှိပါတယ်လို့ ပီရူး အကောက်ခွန်နဲ့ အခွန်စည်းကြပ် ကွပ်ကဲမှုဌာနမှ ဂျင့်က်စ်အော်ဒိုနက်စ်က ပြောပါတယ်။
အဲဒီသင်္ဘောဟာ ဘိုလီးဗီးယားကို ဖြတ်သန်းကာ တထောက်နားတာဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံကို ပို့ဆောင်မှာဖြစ်ကြောင်း ပီရူးအကောက်ခွန်အာဏာပိုင်တွေ (SUNAT) က ဇန်နဝါရီ ၃၀ ရက် အင်္ဂါနေ့မှာ ပြောကြားပါတယ်။
Source/Photo-Reuters