Home
မြန်မာသတင်း
ပုဂံရှိ  KBZ ဘဏ်ခွဲတွင် ကျပ်သိန်း ၃၀၀၀ ခန့် ဓားပြတိုက်ခံရ
DVB
·
February 1, 2024
Pagan KBZ Bank_01022024

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ သိင်္ခရပ်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၃၈၄)မှာ ဇန်နဝါရီ ၃၁ရက် နေ့လယ် ၁၂ နာရီလောက်က  ဓားပြတိုက်ခံရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ပုဂံမြို့ရှိ KBZ ဘဏ်ခွဲကို မနေ့ နေ့လယ်က  အမည်မသိ လူ ၈ ဦးက  ပါဂျဲရိုးကား အနက်ရောင်နဲ့ ရောက်ရှိလာပြီး  ဘဏ်မန်နေဂျာကို သေနတ်နဲ့ထောက်ကာ ဓားပြတိုက် လုယက်သွား​တာလို့  ဘဏ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"နေ့လယ် ၁၂ နာရီလောက်က လက်နက်ငယ် အတိုအရှည်တွေကိုင်ပြီး ဝင်လာကြတာ။ အားလုံး ၈ ယောက်လောက်ရှိမယ်။ မန်နေဂျာ ဦးဟန်မျိုးလင်းကို သေနတ်နဲ့ ထောက်ထားပြီး ကျန်တဲ့ဝန်ထမ်း ၁၈ ယောက်ကို ကြမ်းပြင်မှာ မှောက်ခိုင်းထားတာပါ။ ဘဏ်မှာရှိတဲ့ ငွေသား သိန်းသုံးထောင်လောက်ရှိမယ် ယူသွားတာ။”

ပုဂံမြို့ရှိ KBZ ဘဏ်ကိုဓားပြတိုက်သူတွေဟာ  ဓါးပြတိုက်လုယက်ပြီးနောက် ပုဂံ-ချောက် ကားလမ်းအတိုင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အလားတူ  မနေ့မနက် ၉ နာရီလောက်ကလည်း  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Flying Dragon Force က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013