ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ဒုတိယနေ့ပွဲစဉ်တွေကို ဒီကနေ့ မနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြရာမှာ လီဗာပူး၊ မန်စီးတီးနဲ့ စပါးအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပါတယ်။
အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးအသင်းက ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တာပါ။
အဓိက တိုက်စစ်မှူးဆာလာနဲ့ အာနိုးလ်တို့ မပါဝင်နိုင်ခဲ့ပေမဲ့ လူငယ် ညာနောက်ခံလူ ဘရတ်ဒ်လေ ခြေစွမ်းပြမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။
ဘရတ်ဒ်လေက ၁ ဂိုး သွင်း ၂ ဂိုးဖန်တီးမှု စွမ်းဆောင်နိုင်ခဲ့ပြီး ဂျိုတာ၊ ဆိုဘော့စလိုင်းနဲ့ ဒီယက်ဇ်တို့က အနိုင်ဂိုးတွေသွင်းခဲ့တာပါ။
ချဲလ်ဆီးအတွက် ချေပဂိုး ၁ ဂိုးကိုတော့ အန်ကန်ကူက ပွဲချိန် ၇၁ မိနစ်မှာ သွင်းယူခဲ့တာပါ။
အလားတူ မန်စီးတီကလည်း ဘန်လေအသင်းကို အယ်လ်ဗာရက်ဇ်ရဲ့ သွင်းဂိုးနှစ်ဂိုးအပါအဝင် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
စပါးအသင်းက ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာလက်ခံကစားခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အသင်းကြီး သုံးသင်းစလုံးနိုင်ပွဲကိုယ်စီရရှိခဲ့ကြတာဖြစ်ပြီး လီဗာပူးအသင်းက ဒုတိယနေရာက မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကို ၅ မှတ်စီဖြတ်ပြီး ဆက်လက်ဦးဆောင်နေပါတယ်။
Photo - Reuters