Home
နိုင်ငံတကာ
စစ်တပ်နှင့်ပတ်သက်၍ သတင်းတုဖြန့်သူကို အရေးယူမည့် ဥပဒေသစ် ရုရှားအောက်လွှတ်တော် အတည်ပြု
DVB
·
February 1, 2024
Russian parliament backs confiscating property of anyone spreading 'fake news' about army

ရုရှားစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းအတုတွေကို တမင်တကာ ဖြန့်ဝေရင် ပိုင်ဆိုင်မှုကို အာဏာပိုင်တွေက သိမ်းဆည်းနိုင်စေမယ့် ဥပဒေသစ်ကို ရုရှားအောက်လွှတ်တော်က ဇန်နဝါရီ ၃၁ ရက်မှာ  အတည်ပြုပေးခဲ့ပါတယ်။

ဒီအရေးယူဆောင်ရွက်မှုဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို အသရေပျက်စေတာ၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုသူတွေနဲ့ အစွန်းရောက် လှုပ်ရှားမှုတွေကို လှုံ့ဆော်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိထားသူတွေ အပေါ်မှာလည်း ကျင့်သုံးမှာပါ။

အထက်လွှတ်တော်နဲ့ သမ္မတ ဗလာဒီမာပူတင်တို့က အတည်ပြုဖို့ လိုနေသေးတဲ့ ဥပဒေသစ်ဟာ ရုရှားနိုင်ငံကနေ ထွက်သွားပြီး ရုရှားမှာ သူတို့ရဲ့ အိမ်တွေ တိုက်ခန်းတွေကို ငှားရမ်း ဝင်ငွေရနေရင်း ယူကရိန်းစစ်ပွဲကို ဝေဖန်နေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ နိုင်ငံတော်က ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024