မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ ပထမဆုံးစာချုပ်ရေးသားထားတဲ့ စက္ကူလက်သုပ်ပဝါကို လန်ဒန်မှာရှိတဲ့ လေလံပွဲခန်းမမှာ လေလံတင်ပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲဒီစက္ကူလက်သုတ်ပဝါထဲမှာ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ သဘောတူညီမူစာချုပ်ကို ရေးသားထားတာပါ။
မက်ဆီရဲ့အသက် ၁၃ နှစ်အရွယ် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက် တုန်းက ရေးသားခဲ့တဲ့ သဘောတူစာချုပ်ဖြစ်ပြီး ဘာစီလိုနာအပြောင်းအရွှေ့အကြံပေး မင်ဂွယ်လာနဲ့ အေးဂျင့် ဂတ်ဂျီယိုလိုတို့ရဲ့ လက်မှတ်တွေလည်း ပါဝင်ပါတယ်။
မက်ဆီဟာ အဲဒီသဘောတူစာချုပ်အပြီး တလအကြာမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပထမဆုံး စာချုပ်လို့ သတ်မှတ်နိုင်တဲ့ အဲဒီ စက္ကူလက်သုတ်ပဝါကို ဘာစီလိုနာအသင်းဒါရိုက်တာဟောင်း ကားလက်စ်က သိမ်းဆည်းထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အသင်းပြတိုက်မှာထားရှိဖို့ လုပ်ဆောင်ခဲ့ပေမဲ့ အဆင်မပြေခဲ့တာပါ။
လက်ရှိ အချိန်မှာတော့ အဲဒီစာချုပ်ကို လန်ဒန်မှာရှိတဲ့လေလံပွဲခန်းမမှာ ပေါင်သုံးသိန်းကနေစတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။
Photo - Reuters