မြောက်ကိုရီးယားနိုင်ငံဟာ ဇန်နဝါရီ ၃၀ ရက်က မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဓာတ်ပုံတွေထုတ်ပြန် ပြောပါတယ်။
မနေ့က အနောက်ဘက်ကမ်းလွန်ပင်လယ်ထဲကို ခရုဇ်ဒုံးကျည်အများအပြား ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်တပ်က ကြေညာထားတဲ့ သတင်းတွေကို အတည်ပြုခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်ခိုက်မှုပုံစံကို စစ်ဆေးရာမှာနဲ့ သူ့ရဲ့ ဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်းကို တိုးတက်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်လို့ KCNA က ပြောပါတယ်။
ခရုဇ်ဒုံးကျည်ဟာ ပုံမှန်အားဖြင့် နျူးကလီးယားစွမ်းရည်ရှိ လက်နက်တွေကို ရည်ညွှန်းတဲ့ “ဗျူဟာမြောက်” ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
“ဟွာဆယ်လ် တူး” လို့ခေါ်တဲ့ ဒုံးကျည်အတွက် နောက်ဆုံးစမ်းသပ်မှုမှာ ပြုံယမ်းဟာ ခရုဇ်ဒုံးကျည်တွေကို တပတ်အတွင်းမှာ ၃ ကြိမ်မြောက် စမ်းသပ်ပစ်ခတ်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters