ဘန်လေနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်း ပြန်လည် ပါဝင်လာနိုင်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ခြေချောင်းဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၁၀ ပွဲကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒဏ်ရာပြန်လည်သက်သာလာတာကြောင့် ဒီတပတ် လိဂ်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ ရှိတာပါ။
တိုက်စစ်မှူး ဟာလန်း အပါအဝင် ကစားသမား အစုံအလင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ အရေးကြီးတဲ့ကာလ အပိုင်းအခြားမှာ အသင်းအတွက် သတင်းကောင်းဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ အကန်ဂျီနဲ့ ဂျွန်စတုန်းစ်တို့လည်း ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၁၄ ဂိုး သွင်းခဲ့သူဖြစ်ပြီး သူ ပြန်လည်ကစားနိုင်မယ့် အခြေအနေက မန်စီးတီးအတွက် အားတခုဖြစ်ခဲ့ပါတယ်။
Photo-Reuters