စစ်အာဏာသိမ်းမှုကို အတူတကွ ဆန့်ကျင်ခဲ့ကြတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ လူထုအုံကြွမှု စိတ်ဓာတ်ကို ပြန်လည်အမှတ်ရမိစေဖို့ ရည်ရွယ်ပြီး ဇန်နဝါရီ ၂၉ ရက် ဒီနေ့လယ်ပိုင်းမှာ ရန်ကုန်လူထုသပိတ်က 3 Year Ago movement လို့ခေါ်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က လူထုလူတန်းစားအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့ကြတဲ့ ရန်ကုန်မြို့က မှတ်တမ်းဓာတ်ပုံတွေနဲ့ ဒီနေ့ အဲဒီနေရာကိုတွေကို တွဲဆက် ဓာတ်ပုံရိုက်ထားတာပါ။
ဒီလှုပ်ရှားမှုမှာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုပုံရိပ်တွေကို ပြန်လည် ဖော်ထုတ်ပြီး ပြည်သူတွေအနေနဲ့ ဉာဏ်ကွန့်မြူးသလို လူမှုကွန်ရက်ကနေ ပါဝင်နိုင်တယ်လို့ ရန်ကုန်လူထုသပိတ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်