Home
သတင်းဓာတ်ပုံ
NUG ၊ CRPH ခေါင်းဆောင်များ ဝါရှင်တန်ဒီစီရှိ မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
January 29, 2024
423223161_7283736411683788_7098294835753495460_n
415973043_1865510167242161_5274215212310891132_n
423193854_7283736398350456_3801270785092816246_n
423162006_7283736421683787_8046224445072895631_n
423159922_7283737648350331_3806841318737759473_n
416019795_1328090704543354_6214929076404305303_n
416012949_396203269443522_3200076409285004793_n
415855402_6971521639627223_5555730224048957754_n
415831202_411405317977962_4050572042856388622_n
415746424_1455715684984089_5671908489600987867_n
415675860_1442875926663068_847237300409085095_n
413170062_7475407709158455_7964563519911304259_n
385559138_1224830361621503_326633801309062366_n
416050825_1730777557442986_892434579006559538_n
415929098_1109503816717694_5992561490546784612_n

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူတွေနဲ့ အမေရိကန်ရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံပွဲကို ဒေသစံတော်ချိန် ဇန်နဝါရီ ၂၈ ရက်က အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီရှိ NUG နိုင်ငံခြားရေးရုံးမှာ ကျင်းပပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့နဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွား တိုင်းရင်းသားပြည်သူလူထုတွေ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီရောက် မြန်မာတွေက နိုင်ငံခြားရေးကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး၊ မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေအရေး၊ အနောက်အင်အားကြီး နိုင်ငံတွေနဲ့ဆက်ဆံရေး စတာတွေကို အဓိကမေးမြန်းခဲ့တာကို တွေ့ရပါတယ်။

ဒီမေးမြန်းချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနစတင်ထူထောင်ကတည်းက ကြေညာခဲ့တဲ့ မူဝါဒ၊ ထုတ်ပြန်ချက်တွေအတိုင်း တစိုက်မတ်မတ်ရှိနေပြီး လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကိုကိုင်စွဲထားတယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြန်လည်ဖြေကြားခဲ့ ပါတယ်။

တရုတ်တနိုင်ငံတည်းမူနဲ့ပတ်သက်ပြီးလည်း မြန်မာဘာသာထုတ်ပြန်ချက်ကိုသာ အတည်ယူဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်သူတွေမေးမြန်းတဲ့မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024