သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဇန်နဝါရီ ၂၈ ရက်က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျ အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း နောက်ဆုံးဗိုလ်လုပွဲမှာ အီတလီတင်းနစ်သမား ယန်းနစ် ဆင်းနားက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
အသက် ၂၂ နှစ်အရွယ် ဆင်းနားက ပြိုင်ဘက် ရုရှားကစားသမား အနန်နီရေ မက်ဗီရက်ဒက်ကို အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
အခုယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း တင်းနစ်ပြိင်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း ထိပ်သီး ကစားသမားတွေဖြစ်တဲ့ ရာဖယ်နဒါး၊ ရော်ဂျာဖက်ဒရာနဲ့ နိုဗက် ဂျိုကိုဗစ်တို့ မပါဝင်တဲ့ ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
အီတလီနိုင်ငံသား ဆင်းနားဟာ ပြိုင်ဘက် ရုရှားနိုင်ငံသားကို နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ အနိုင်ယူကာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters