Home
မြန်မာသတင်း
ရေနံချောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရပြီး သေဆုံး
DVB
·
January 28, 2024
Yay Nan Chaung_28012024

ရေနံချောင်းမြို့နယ် ရွာသစ်ကြီးကျေးရွာမှာ ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီက  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညနေ ၃ နာရီ ရွာသစ်ကြီးကျေးရွာ အနောက်ဘက်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၅၀ အရွယ်အမျိုးသားတဦးကို တွေ့ရှိတာကြောင့် ကျေးရွာအုပ်ချုပ်ရေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွာသစ်က မဟုတ်ဘူး၊ ရဲတွေလာမှ ပင်ဝကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ သိတာ။ ဓားနဲ့ထိုးခံရပြီး သေတာ။ စစ်တပ်က အခင်းဖြစ်တဲ့နေရာရယ်၊ အုပ်ချုပ်ရေးမှူးတွေကို စစ်မေးတယ်။" 

သေဆုံးသူမှာ ပင်ဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ချို ဖြစ်ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးမှူးရဲ့ အကြောင်းကြားချက်အရ မနေ့ မွန်းတည့် ၁၂ နာရီက ဖရဲကျွန်းကျေးရွာမှာ ပြုလုပ်တဲ့ တောင်သူတွေ တွေ့ဆုံပွဲကို သွားရောက်ပြီးအပြန်မှာ အသတ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“သူနဲ့အတူ သပြေပင်ရွာခွဲ တာဝန်ခံနဲ့ အတူတူလာတာ။ ပြန်တော့ ရွာခွဲတာဝန်ခံက သူ့ ရွာမှာ နေခဲ့ပြီး ဦးအောင်ချိုက သူ့ရွာကို ပြန်တဲ့အချိန် ရွာသစ်မှာ အသတ်ခံရတာ၊ ဖုန်းနဲ့ဆိုင်ကယ် ပါသွားတယ်။” 

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ရွာသစ်ကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်ကလည်း ရေနံချောင်းမြို့ပေါ်မှာ အရပ်ဝတ်နဲ့စျေးဝယ်နေတဲ့ စစ်ကောင်သီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013