ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ် အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်မှာ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ရုရှားကို အကြောက်လွန်နေတဲ့ရောဂါ စွဲနေတယ်လို့ ဥရောပတိုက်ကို ပြောဆိုရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘောလ်တစ်နိုင်ငံတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုပြိုလဲပြီးတဲ့နောက် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးဆက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောတဲ့ လူ့အဖွဲ့အစည်းကို ပြန်ပေါင်းစည်းဖို့ ဒုတိယကမ္ဘာစစ်ကို မဏ္ဍိုင်အဖြစ် သမ္မတနန်းတော်က အသုံးချခဲ့တာပါ။
ရုရှားနိုင်ငံ လီနင်ဂရက်မြို့ကို သိမ်းယူမှုပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အဆောက်အအုံကို ပူတင်က ဖွင့်လှစ်ခဲ့ပါတယ်။
“နာဇီတို့ရဲ့ ရည်ရွယ်ချက်က ကျနော်တို့ နိုင်ငံရဲ့ အချမ်းသာဆုံး သဘာဝအရင်းအမြစ်တွေကို သိမ်းပိုက်ပြီး အရပ်သား အများစုကို ရုပ်ပိုင်းဆိုင်ရာ ဖယ်ရှားရေး။ ဘောလ်တစ်နိုင်ငံတွေမှာ ထောင်သောင်းချီတဲ့ လူတွေဟာ လူစဉ်မမီသူတွေအဖြစ် ကြေညာခံရပြီး သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေ ဆုံးရှုံးရင်း နှိပ်စက်ညှဉ်းပန်းခံနေရတယ်” လို့လည်း ပူတင်က ပြောပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်က စစ်အစိုးရဟာ ဟစ်တလာရဲ့ ကြံရာပါတွေနဲ့ ရွှတ်စတာဖှယ် လက်ရွေးစင် အစောင်တပ်ဖွဲ့ဝင်တွေကို ချီးမြှောက်နေတယ်၊ ဥရောပနိုင်ငံ အတော်များများမှာ ရုရှားကို အကြောက်လွန်ရောဂါကို နိုင်ငံတော် မူဝါဒအဖြစ် မြှင့်တင်နေတယ်လို့လည်း ပူတင်က ပြောပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က ယူကရိန်းနိုင်ငံကို ကျူးကျော်ချိန်က စပြီး နာဇီတွေကို တော်လှန်ဖို့ ဝါဒဖြန့်ခဲ့ကြတာပါ။
ဆိုဗီယက်ပြည်ထောင်စုရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံဟာ ဟစ်တလာရဲ့ တပ်တွေ လက်ထဲမှာ ပျက်သုဉ်းခဲ့ရပြီး နယ်ချဲ့သိမ်းပိုက်ရေးစစ်ပွဲအတွက် သံသယဖြစ်စရာ အကြောင်းခံအဖြစ် အပြိုင်အဆိုင် ငြင်းဆိုထားပါတယ်။
ယူကရိန်းမှာ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ပွဲအတွက် ရုရှားလူထုကြား ထောက်ခံမှုရဖို့ ရုရှားသမ္မတနန်းတော်က ဒုတိယကမ္ဘာစစ် ဇာတ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။
Source/Photo - Reuters/Sputnik/Vyacheslav Prokofyev