Home
နိုင်ငံတကာ
လက်ယာစွန်းရောက်ဝါဒ မြင့်တက်လာမှုအပေါ် စိုးရိမ်ကြောင်း ဂျာမနီ အဓိပတိ ပြော
DVB
·
January 28, 2024
SPD chancellor candidate Olaf Scholz campaigns in Leipzig

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေ လုပ်ဆောင်ခဲ့တဲ့ အောက်ရှ်ဝစ်ဇ် သုတ်သင်ရှင်းလင်းရေး စခန်းကို ဖျက်သိမ်းခဲ့အပြီး ၇၉ နှစ်အကြာမှာ သူ့နိုင်ငံဟာ အစွန်းရောက်လက်ယာ သဘောထားတွေ မြင့်တက်လာမှုအပေါ် စိုးရိမ်ကြောင်း ဂျာမနီနိုင်ငံရဲ့ အဓိပတိ အိုလာ့ဖှ် ရှို့လ်ဇ် က ဇန်နဝါရီ ၂၇ ရက် စနေနေ့မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နာဇီလက်သစ်တွေနဲ့ သူတို့ရဲ့အမှောင်ကွန်ရက်တွေအကြောင်း ဆိုတဲ့ အစီရင်ခံစာအသစ်တွေက တချိန်လုံး ထွက်ပေါ်နေတယ်လို့ ဆိုရှယ် ဒီမိုကရက် အဓိပတိကြီးက ဆိုဗီယက်တပ်တွေရဲ့ အောက်ရှ်ဝစ်ဇ် လွတ်မြောက်ရေးနေ့ ဇန်နဝါရီ ၂၇ ရက် ၁၉၄၅ ခုနှစ် အထိမ်းအမှတ် ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

တချိန်တည်းမှာပင် လက်ယာယိမ်း ပေါ်ပြူလာသမားတွေဟာ မြေပြင်ကို စိုးမိုးထားပြီး အကြောက်တရားကို မီးထိုးပေးပြီး အမုန်းတရားတွေကို ဆွပေးနေပြီး ဒါမျိုးကိုတော့ လက်ခံပေးလို့ မရဘူးလို့ ရှို့လ်ဇ် က ပြောပါတယ်။ 

“ဒီမိုကရက်တစ်တွေရဲ့ စည်းလုံးညီညွတ်မှုက ကျနော်တို့ရဲ့ ဒီမိုကရေစီကို ခိုင်မာစေပါတယ်” လို့ ရှို့လ်ဇ် က ပြောပါတယ်။

ဂျာမနီနိုင်ငံအတွက် ရွေးချယ်ခွင့် ဆိုတဲ့ လက်ယာစွန်းရောက် (AfD) ပါတီရဲ့ ထိပ်ပိုင်းအဖွဲ့ဝင် ၂ ဦးဟာ ပြည်ပမွေးဖွား နိုင်ငံသားတွေကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေကို ဆွေးနွေးတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အစီရင်ခံစာတစောင် ထွက်ပေါ်လာပြီးနောက်မှာ (AfD) ပါတီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှုတွေက တတိယမြောက် သီတင်းပတ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

ဆန္ဒပြသူတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒုတိယနေရာမှာ ရှိနေပြီး အခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဂျာမန်အရှေ့ပိုင်းပြည်နယ် ၃ ခုမှာ တစ် ပြေးနေတဲ့ AfD ပါတီအပေါ် ထောက်ခံမှုကို တားဆီးဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Source/Photo - Reuters/Jens Schlueter

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024