Home
နိုင်ငံတကာ
အတိုက်အခံခေါင်းဆောင် လည်ပင်းဓားထိုးခံရပြီးနောက် တောင်ကိုရီးယား ပြည်သူများ စိုးရိမ်
DVB
·
January 28, 2024
South Koreans Coonsecutive Politican_28012024

တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင်ရဲ့ လည်ပင်းကို ဇန်နဝါရီလအစောပိုင်းက ဓားနဲ့ထိုးခံရပြီးနောက် ၁ လအတွင်း နိုင်ငံရေးသမားတွေကို ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။ 

အာဏာရ ပြည်သူ့ဩဇာပါတီ (PPP)အဖွဲ့ဝင် ဘေးယွန်းဂျင်းဟာ ဆိုးလ်မြို့တော်က ဂန်းနမ်ခရိုင်ရဲ့ လမ်းပေါ်မှာ ဇန်နဝါရီ  ၂၅ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။

လဲကျပြီးတာတောင် သူ့ဦးခေါင်းကို တိုက်ခိုက်သူက အကြိမ်ကြိမ် ရိုက်ခဲ့တာကို သူ့ရုံးရဲ့ လုံခြုံရေးဗီဒီယိုဖိုင်ထဲမှာ ပြသခဲ့ပါတယ်။ 

တိုက်ခိုက်တာကို မြင်လိုက်ရသူအများက ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး လူ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေးအရ နက်နက်ရှိုင်းရှိုင်း ကွဲလွဲနေကြတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

“အခြေခံကျကျ ပြောရရင် ဒီနေ့ခေတ်မှာ ကျနော်တို့လူ့အဖွဲ့အစည်းမှာ မုန်းတီးမှုတွေ ဒေါသတွေ အရမ်းများနေတယ်။ ကျနော်တို့က လက်ဝဲယိမ်းနဲ့ လက်ယာယိမ်းအုပ်စုတွေအဖြစ် အလွန်ခွဲခြားထားတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘိုင်ဒန်နဲ့ ထရမ့်တို့ အုပ်စုတွေ အချင်းချင်း ရန်ဖြစ်နေကြတာကို ကျနော်တို့ တွေ့နေရပေမယ့် သူတို့ထက်တော့ ပိုဆိုးပါတယ်” လို့ အသက် ၈၀ အရွယ် လီမင်ဝူးက ပြောပါတယ်။ 

သေနတ်ကိုင်ဆောင်မှုအပေါ် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပေမယ့် တောင်ကိုရီးယားမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေ ရှိခဲ့တာပါ။ 

နိုင်ငံရေးခေါင်းဆောင်တွေဟာ များသောအားဖြင့် လုံခြုံရေးအရ အနီးကပ်ကာကွယ်မှုအောက်မှာ မရှိကြပါဘူး။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024