Home
နိုင်ငံတကာ
တရားဥပဒေစိုးမိုးရေးအတွက် ပြည်တွင်းဖြေရှင်းနည်းများကို ဟေတီနိုင်ငံသားများ တောင်းဆို
DVB
·
January 28, 2024
Haitians call for union amid security crisis after Kenyan court says police cannot deploy to Haiti

ကင်ညာတရားရုံးဟာ ကုလသမဂ္ဂက ခွင့်ပြုထားတဲ့ မစ်ရှင်ကို ဦးဆောင်ပြီး ဟေတီနိုင်ငံဆီ ရဲအရာရှိတွေကို စေလွှတ်မယ့် အစီအစဉ်ကို ပယ်ချခဲ့ပြီးနောက်မှာ ဟေတီနိုင်ငံသားတွေက နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေး အကျပ်အတည်းအတွက် ပြည်တွင်းဖြေရှင်းနည်းတွေကို တောင်းဆိုလိုက်ပါတယ်။ 

ကင်ညာရဲ့ ဆုံးဖြတ်ချက်ဟာ ကာရေဘီယံနိုင်ငံရှိ အုပ်စုဖွဲ့အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ အစပျိုးလုပ်ဆောင်မှုတခုရဲ့ နောက်ကာလ အခြေအနေတွေကို သံသယဖြစ်စေပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အောက်တိုဘာလမှာ ဒီမစ်ရှင်အဖွဲ့ကို အတည်ပြုပြီးနောက်မှာ ကင်ညာဟာ သူ့အရာရှိတွေကို ဟေတီမှာ အခုလ အစောဆုံးထားရှိဖို့ မျှော်လင့်ထားတာပါ။ 

ဒေသခံတယောက်က “ကင်ညာက သူတို့နိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေ ချပေမယ့် ဟေတီရဲ့ မဟာမိတ်နိုင်ငံအနေနဲ့တော့ သူတို့ကို စောင့်နေပါတယ်။ သမ္မတ ပြောထားတဲ့အတိုင်းပဲ ဒီကိစ္စက မပြီးသေးဘူး။ သူတို့မှာ စစ်တပ်ရှိနေလို့ သူတို့ဘက်က ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို စောင့်နေပါတယ်” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် သောကြာနေ့က ဟေတီမြို့တော် ပို့ထ်အောင်ပရင့်စ်မှာ ဖြစ်ပွားခဲ့တဲ့ ကက်သလစ် သီလရှင် ၆ ပါး ပြန်ပေးဆွဲခံခဲ့ရပြီး နောက်ပိုင်းမှ ပြန်လွတ်လာတဲ့ အမှုကြောင့် တိုင်းပြည်ကို တုန်လှုပ်သွားစေခဲ့ရပြီးနောက်မှာ ရဲတပ်ဖွဲ့ စေလွှတ်ဖို့ကို ပယ်ဖျက်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ 

ဒေသခံတယောက်ကလည်း “ကင်ညာတရားရုံးချုပ်က နိုင်ငံရေးအမှုတွေကို ဖြေရှင်းပေးတာပါ။ ဟေတီနိုင်ငံသားတွေဟာ ကိုယ့်စစ်တပ်၊ ရဲတပ်ဖွဲ့တွေကနေတဆင့် နိုင်ငံတော်အာဏာကို ပြန်တည်ဆောက်ရာမှာ စည်းလုံးကြဖို့ တာဝန်ရှိနေပြီးတော့ တိုင်းပြည်ကို အကျိုးပြုနိုင်တဲ့ လူငယ်တွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။ 

လက်နက်ကိုင် သေနတ်သမားများက ဘတ်စ်ကားကို ပြန်ပေးဆွဲ မောင်းထွက်သွားပြီး စိန့်အန်းန် ညီအစ်မများ အသင်းတော်က သီလရှင် ၆ ပါး အပါအဝင် ခရီးသည်အားလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။ 

ဟေတီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အုပ်စုဖွဲ့အကြမ်းဖက်မှုကြောင့် လူပေါင်း ၄,၇၈၉ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၂ ခုနှစ်ကထက် ၁၁၉ ရာခိုင်နှုန်း တိုးလာခဲ့တာဖြစ်ကြောင်းနဲ့ နောက်ထပ် ၃၀၀၀ လောက် ပြန်ပေးဆွဲခံခဲ့ရကြောင်း ကုလသမဂ္ဂက အခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024