NUG နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှာရှိတဲ့ နွေဦးတော်လှန်ရေး တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တွေ့ဆုံပွဲကို မြောက်ကာရိုလိုင်းနားပြည်နယ်၊ ကာဘိုရိုမြို့မှာ ဒေသစံတော်ချိန် ဒီနေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ NUG တာဝန်ရှိသူတွေနဲ့ မြောက်ကာရိုလိုင်းနား တိုင်းရင်းသားညီအစ် ကိုမောင်နှမတွေ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
တက်ရောက်လာသူတွေ မေးမြန်းတဲ့ မေးခွန်းတွေကိုလည်း NUG တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။