ပီရူးနိုင်ငံတောင်ပိုင်းမှာ ဇန်နဝါရီ ၂၅ ရက် ကြာသပတေးနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့တာကနေ ဖြစ်ပွားတဲ့ မြေပြိုမှုတခုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး အိုးအိမ်တွေလည်း ပျက်စီးပြီးတော့ အပျက်အစီးပုံ လမ်းကြောင်းကြီး ဖြစ်ကျန်ခဲ့ပါတယ်။
မာကာဘမ်ဘာ ခရိုင်မှာ မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း အမျိုးသား အရေးပေါ် ဆောင်ရွက်ရေးဌာန (COEN) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူတွေဟာ သက်ကြီးရွယ်အို အဘွားတယောက်နဲ့ သူ့သမီးတို့ ဖြစ်ကြပြီး သူတို့နေအိမ်ဟာ ရွှံ့ထဲမှာ နစ်မြုပ်နေကြောင်းလည်း မာကာဘမ်ဘာ အရာရှိတဦးက ပြောကြားပါတယ်။
ပီရူးအလယ်ပိုင်းရှိ ချန်ချာမယ်ယို ပြည်နယ်မှာ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်တွေထဲ ရေတွေဝင်ကုန်လို့ ပစ္စည်းတွေပျက်စီးပြီးတော့ နံရံတွေလည်း ပြိုကျခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောကြားကြပါတယ်။
အာပူရီးမာ့က် ပြည်နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချာလ်ဟွမ်န်ကာ မြစ်ရေလျှံပြီး အဝေးပြေးလမ်းမကြီးလည်း ပြိုကျသွားကာ ပြည်နယ်မြို့တော် အိုင်မရိုကစ် ဆီ ဝင်ရောက်လမ်း ပြတ်တောက်သွားပါတယ်။
နိုင်ငံရဲ့ ဗဟိုမြောက်ပိုင်းဒေသရှိ ဟွာနုကို မြို့မှာလည်း လမ်းမပေါ် နှင်းထုပြိုကျမှုကြောင့် ကုန်တင်ယာဉ်တွေ ပိတ်မိနေခဲ့ပါတယ်။
Source/Photo - Reuters