လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ကော်သွားကြားထိုးတံအချောင်းတွေကို အာလူးချောင်းလို ကြော်ပြီး အရသာမှုန့်တွေ ဖြူးစားတာမျိုး မလုပ်ကြဖို့ တောင်ကိုရီးယား အစားအသောက်နဲ့ ဆေးဝါး ဘေးကင်းလုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
ကန်စွန်းဥ ဒါမှမဟုတ် ပြောင်းကော်မှုန့်ကလုပ်တဲ့ ကော်သွားကြားထိုးတံတွေကို အစားအသောက်မှာ သုံးတဲ့ ဆိုးဆေးသုံးပြီး အစိမ်းရောင် ဆိုးထားတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်တယ်လို့ လက်ခံထားကြတာပါ။ ဒါပေမဲ့ ဒီလိုကြော်စားဖို့ ထုတ်ထားတဲ့ ပစ္စည်းတော့ မဟုတ်ပါဘူး။
ဒီလို ကြော်ပြီး ချိစ်အမှုန့်တို့ အရသာမှုန့်တို့ ဖြူးစားပြတဲ့ ဗီဒီယိုဖိုင်တွေ တစ်တော့နဲ့ အင်စတာဂရမ်တို့မှာ Like နဲ့ Share ထောင်ချီရပြီး နာမည်ကြီးလာချိန်မှာ သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အစားအသောက်အဖြစ် စားလို့ရတယ်လို့ စိစစ်အတည်ပြုနိုင်ခြင်း မရှိသေးတဲ့အတွက် မစားကြဖို့ X လူမှုကွန်ရက်ကနေ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားက စားသောက်ဆိုင်တွေမှာ ဒီလို သွားကြားထိုးတံမျိုးကို အစားအသောက်တွေကို ထိုးစားတဲ့ တုတ်ချောင်းလေးတွေအဖြစ်လည်း သုံးကြပါတယ်။
မွတ်ခ်ဘန် လို့ခေါ်တဲ့ အွန်လိုင်းအစားအသောက်ရှိုးတွေမှာ လူစိတ်ဝင်စားအောင် ထူးထူးခြားခြား စားပြတာဟာ တောင်ကိုရီးယားမှာ ရေပန်းစားနေပါတယ်။
“အရမ်းကြွပ်ရွနေတာပဲ” လို့ တစ်တော့ သုံးစွဲသူတယောက်က ကော်သွားကြားထိုးတံကြော်ကို စားရင်း ပြောပါတယ်။
Source/Photo-Reuters