Home
နိုင်ငံတကာ
သီရိလင်္ကာတွင် အွန်လိုင်း ဥပ‌ဒေကြမ်းကို ကန့်ကွက်ဆန္ဒပြ
DVB
·
January 25, 2024
Sri Lanka passes new law to regulate online content

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ ပါလီမန်အပြင်ဘက်မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံ ထောက်ခံသူတွေဟာ ဇန်နဝါရီ ၂၄ ရက်က အွန်လိုင်းအကြောင်းအရာများ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အဲဒီဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချုပ်ကိုင်သွားမှာ စိုးရိမ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့တဲ့ အွန်လိုင်းဘေးကင်းရေး ဥပဒေကြမ်းမှာ အဖွဲ့ဝင်ငါးဦးပါ ကော်မရှင်က တရားမဝင်ဘူးလို့ ယူဆတဲ့ အကြောင်းအရာအတွက် ထောင်ဒဏ်ချမှတ်ဖို့ အဆိုတင်သွင်းထားပြီး အယ်လ်ဖာဘက်ထ်ရဲ့ ဂူးဂဲလ်၊ မက်ထာရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ X တို့လို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ပြုလုပ်ပြီးတော့ သူတို့ရဲ့ လူမှုမီဒီယာ ပလက်ဖောင်းပေါ်က အကြောင်းအရာတွေအတွက် တာဝန်ယူရမယ်လို့လည်း ဆိုထားပါတယ်။

လူမှုမီဒီယာ တက်ကြွလှုပ်ရှားသူ ရန်ဂျစ်သ် အင်ဒီကာက “ဒီလုပ်ရပ်ရဲ့ အခြေခံရည်ရွယ်ချက်က အထူးသဖြင့် လက်ရှိအစိုးရနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြင်းပြတဲ့ ထင်မြင်ချက်တွေကို ပေးနေကြပြီး အားကောင်းကောင်း ဆန္ဒပြနေကြတဲ့ လူငယ်တွေအကြားမှာ ဆိုရှယ်မီဒီယာ လှုပ်ရှားမှုတွေကို တားမြစ်ပိတ်ပင်ဖို့ ဖြစ်တယ်” လို့ ပြောပါတယ်။

သမ္မတ ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ရဲ့ အစိုးရကတော့ အဲဒီဥပဒေကြမ်းဟာ ကလေးသူငယ် အလွဲသုံးစားပြုမှု၊ ဒေတာခိုးယူမှုနဲ့ အွန်လိုင်းလိမ်လည်မှု အပါအဝင် ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို အဖွဲ့ဝင် ၂၂၅ ဦးရှိတဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၁၀၈ မဲရှိပြီး ကန့်ကွက်မဲ ၆၂ မဲ ပေးခဲ့ကြရာမှာ ထောက်ခံမဲ ၄၆ မဲအသာနဲ့ အတည်ပြုခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ဒီနေ့တင်ပြပြီး မနက်ဖြန် မဲခွဲဆုံးဖြတ်ပြီးတဲ့အခါ လာမယ့် အစိုးရအဖွဲ့ အစည်းအဝေးမှာ အဆိုပြုချက် အသစ်တွေကို တင်ပြပြီးသွားရင် ထုတ်ပြန်ကြေညာသွားမယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီး တီရန် အားလက်စ်က ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024