ကိုလံဘီယာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်တွေ ထုတ်လုပ်တဲ့ တင်ဒါလုပ်ငန်းစဉ်မှာ မမှန်မကန် လုပ်ဆောင်မှု ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး ကိုလံဘီယာ စစ်ဆေးရေးမှူးချုပ်က ဇန်နဝါရီ ၂၄ ရက်မှာ နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဗာရို လေဗာကို ရာထူးကနေ ၃ လကြာ ဆိုင်းငံ့ခဲ့ပါတယ်။
ကိုလံဘီယာ စစ်ဆေးရေးမှူးချုပ် မာဂါရီးတာ ကာဘဲလ်ယို ဘလန်ကိုက “နိုင်ငံကူးလက်မှတ် ထုတ်လုပ်ရေးအတွက် လေလံဆွဲတာနဲ့ ပတ်သက်ပြီး အဓိပတိ အယ်လ်ဗာရို လေဗာဟာ မမှန်မကန်တွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိလာတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနက သူ့ကို စွဲချက်တင်လိုက်ကြောင်းနဲ့ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေအတွက်လည်း ရာထူး ၃ လ ရပ်ဆိုင်းထားဖို့ စည်းကမ်းထိန်းသိမ်းရေးဌာနက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း” ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဟာ အသုံးစရိတ်ဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီးတော့ ပတ်စ်ပို့ တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်ကိုလည်း ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဗာရိုလေဗာဟာ ကိုလံဘီယာ နိုင်ငံကူးလက်မှတ်များ ထုတ်လုပ်ဖို့အတွက် လေလံဆွဲတဲ့ လုပ်ငန်းစဉ်မှာ စာရွက်စာတမ်းတွေ ပြုလုပ်ထားပြီးသား ဖြစ်တဲ့ သောမတ်စ်ဂရဂ်နဲ့သားများ ကုမ္ပဏီတခုတည်းက တင်ဒါကို ကမ်းလှမ်းခဲ့ပြီးနောက်မှာ တင်ဒါလုပ်ငန်းစဉ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း မနှစ်တုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။
Source/Photo-REUTERS/Luisa Gonzalez