စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်လူးမြို့မစျေးကြီးမှာ ဇန်နဝါရီ ၂၃ ရက် ညနေက မီးလောင်ခဲ့ပြီး ည ၆ နာရီလောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
Indaw Revolution team - IR ရဲ့ page မှာတော့ ညနေ ၄ နာရီခွဲက မီးစလောင်ပြီး ငြှိမ်းသတ်ဖို့ ခက်ခဲနေခဲ့တယ်လို့ ဖော်ပြထားသလို စတင်လောင်တဲ့အကြောင်းရင်းကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
မော်လူးမြို့မှာ စျေး ၂ စျေး ရှိပြီး အခုလောင်တဲ့စျေးက မြို့မစျေးဖြစ်ကာ စျေးအတွင်းဖက် အကုန် လောင်ခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဆိုင်ရှင်အများစုက မသိလိုက်လို့ ပစ္စည်းတွေ မရလိုက်တာ ရှိသလို သိလိုက်သူတွေကလည်း မီးရှိန် ပြင်းလာတာကြောင့် ပစ္စည်းသယ်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဈေးမီးလောင်တာနဲ့ပတ်သက်ပြီး မီးလောင်တဲ့အကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မော်လူးမြို့က စစ်ကိုင်းနဲ့ ကချင်နယ်စပ်မြို့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ် ထားတာပါ။