ဝက်စ်ဟမ်းအသင်းဟာ မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွား ပါတယ်။
ရာသီကုန်တဲ့အထိ အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူ ခွင့်ရဖို့လည်း ဝက်စ်ဟမ်းဘက်က ကြိုးပမ်းနေပါတယ်။
ဖိလစ်အတွက် အငှားစာချုပ်ကြေး ပေါင် ၆ သန်း ရရှိမှာဖြစ်ပြီး ဒူဘိုင်းခရီးစဉ်က ပြန်လည်ရောက်ရှိချိန်မှာ စာချုပ်ချုပ်ဆိုသွားမှာပါ။
အင်္ဂလန်ကွင်းလယ်လူကို နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့အပါအဝင် တခြားဥရောပကလပ်တွေကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
အသက် ၂၈ နှစ်ရှိ ဖိလစ်အနေနဲ့ လာမယ့် ယူရို ၂၀၂၄ မှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဆက်လက်ပါဝင်နိုင်ဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမဲ့ အသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ဖိလစ်ရဲ့ အပြောင်းအရွှေ့ဟာ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အပြောင်းအရွှေ့ဖြစ်ကြောင်း သုံးသပ်ပါတယ်။
Photo - Reuters