နယူးကာဆယ်အသင်းဟာ နောက်ခံလူ ထရစ်ပီယာအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်း ချက်ကို ပယ်ချသွားခဲ့ပါတယ်။
ဘိုင်ယန်အသင်းဟာ ဟယ်ရီကိန်းနဲ့ အဲရစ်ဒိုင်ယာတို့ပြီး နောက်မှာ နောက်ထပ် အင်္ဂလန်ကစားသမားတယောက်ကို ထပ်မံခေါ်ယူဖို့ကြိုးပမ်းခဲ့တာပါ။
ထရစ်ပီယာအတွက် ယူရို ၁၅ သန်း အထိ ပေးခဲ့ပေမဲ့ နယူးကာဆယ်အသင်းက ချက်ချင်းပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ အင်္ဂလန်ညာနောက်ခံလူဟာ နယူးကာဆယ်အတွက် ပရီးမီးယားလိဂ် ၆၂ ပွဲ ကစား ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားနေသူပါ။
နယူးကာဆယ်အသင်းဟာ တောင်ပံတိုက်စစ် ကစားသမား အယ်လ်မီရွန်ကိုတော့ ဆော်ဒီကလပ်တွေဆီ ရောင်းချဖို့ ဆွေးနွေးနေပါတယ်။
တိုက်စစ်မှူး ဝီလ်ဆင်အတွက် တီကိုအသင်းရဲ့ ကမ်းလှမ်းချက်ကိုတော့ ပယ်ချထားပေမဲ့ အေစီမီ လန်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Photo - Reuters