Home
နိုင်ငံတကာ
နေတိုးအဖွဲ့က ယူကရိန်းကို ၁၅၅ မမ အမြောက်ကျည်များ ထောက်ပံ့မည်
DVB
·
January 23, 2024
NATO_23012024

၁၅၅ မမ အမြောက်ကျည်တွေအတွက် ယူရို ၁ ဒသမ ၁ ဘီလီယံတန် စာချုပ်ကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က လက်မှတ်ရေးထိုးခဲ့ပြီး အမြောက်ဆန်တွေကို ယူကရိန်းနိုင်ငံဆီ ထောက်ပံ့ပေးမယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

လက်နက်ခဲယမ်းပြတ်လပ်မှု ပြဿနာကြောင့် စစ်ပွဲအတွက် အားထုတ်မှုတွေ အဟန့်အတား ဖြစ်နေတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ထွက်လာအပြီး  နေတိုးမဟာမိတ်အဖွဲ့က ခုလိုပြောလိုက်တာပါ။

နေတိုးဟာ အမြောက်ဆန်တွေကို ယူကရိန်းဆီလည်း လွှဲပြောင်းပေးမှာဖြစ်သလို သူတို့ရဲ့ ခြေလျင်ခြေမြန်တပ်ဖွဲ့တွေဆီမှာ ကုန်ခန်းသွားတဲ့ ကုန်စည်တွေကို သိုလှောင်မယ့် မဟာမိတ်တွေကိုယ်စား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

နေတိုးအရာရှိတဦးက “အစုလိုက် ဝယ်ယူတာက စျေးနှုန်းသက်သာပါတယ်။ ဒီစာချုပ်အရ အမြောက်ကျည် ၂၂၀,၀၀၀ လောက် ဝယ်နိုင်ပြီး ၂၀၂၅ နှစ်ကုန်မှာ ပထမဆုံးပို့ဖို့ မျှော်မှန်းထားတယ်”လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဒီခဲယမ်းတွေကို ပြင်သစ် လက်နက်ထုတ်လုပ်သူ Nexter နဲ့ ဂျာမနီက ယုံးဟန်စ်တို့က ထောက်ပံ့ပေးသွားမယ်လို့ စက်မှုသတင်းရင်းမြစ်တခုက ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024