မန်ယူဂိုးသမား အိုနားနားဟာ ဂမ်ဘီယာကို အနိုင်ရခဲ့တဲ့ ကင်မရွန်းအသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
အိုနားနားဟာ လက်ရွေးစင်အသင်းဆီ ပူးပေါင်းချိန်နောက်ကျခဲ့ပြီးနောက် အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂီနီနဲ့ပွဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပေမဲ့ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ဆီနီဂေါကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြန်လည် ပွဲထွက်ကစားခွင့်ရရှိခဲ့ပါသေးတယ်။
ဒါပေမဲ့ အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ ဂမ်ဘီယာနဲ့ ပွဲမှာတော့ အရန်စာရင်းမှာသာ ပါဝင်ခဲ့ပြီး ပြင်သစ်တတိယတန်း ကလပ်နီမက်စ် ဂိုးသမားဖာဘရီဆီအွန်ဒိုအာကို ပွဲထွက်ခွင့်ပေးခဲ့တာပါ။
အဲဒီပွဲစဉ်မှာ ကင်မရွန်းအသင်းက ၈၅ မိနစ် အထိရှုံးနိမ့်နေခဲ့ပေမဲ့ ၈၇ မိနစ်နဲ့ ၉၁ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး နောက်တဆင့် တက်ရောက်နိုင်ခဲ့တာပါ။
အိုနားနားဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း စည်းကမ်းပိုင်းဆိုင် ရာဖောက်ဖျက်မှုတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရဖူးပါတယ်။
အဲဒီနောက် နိုင်ငံအသင်းကနေ အနားယူကြောင်းကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Photo - Reuters