Home
နိုင်ငံတကာ
ဟားမတ်စ် အာဏာရစေမည့် အပစ်ရပ်စဲရေး အစ္စရေး သဘောမတူ
DVB
·
January 24, 2024
Israel will not accept deal that leaves Hamas in power in Gaza - Government spox

ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကိုရော ဂါဇာမှာ ဟားမတ်စ်တွေက အာဏာရှိနေမယ့် အခြေအနေကိုပါ အစ္စရေးက သဘောတူမှာ မဟုတ်ဘူးလို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့် ရှိသူ အိုင်လွန် လေဗီက ဇန်နဝါရီ ၂၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဓားစာခံတွေလွတ်မြောက်လာစေရေး ဆက်ကြိုးပမ်းနေပေမဲ့ အတိအကျ ပြောဖို့ကိုတော့ သူက ငြင်းဆိုခဲ့ြီး ချိန်ခွင်လျှာမှာ အသက်တွေ တွဲလောင်းကျနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ လေဗီက စစ်ပွဲရဲ့ ရည်မှန်းချက်တွေက မပြောင်းလဲဘူးလို့ ပြောပါတယ်။

“ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေရဲ့ အုပ်ချုပ်မှုနဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်ဆီးပြီး ဓားစာ ခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ပါပဲ။ ဂါဇာမှာ ဓားစာခံတွေကို ထားခဲ့ပြီး အပစ်အခတ် ရပ်စဲမှာ မဟုတ်ဘူး ဟားမတ်စ်တွေကို အာဏာရစေမယ့် အပစ်အခတ်ရပ်စဲရေး ရှိမှာမဟုတ်ဘူး။ ဒါ့အပြင် အကျယ်တဝင့်ပြောစရာ မရှိဘူး”လို့ လေဗီက ပြောပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024