တရုတ်အများပိုင် နိုင်ငံပေါင်းစုံကားထုတ်လုပ်ရေးကုမ္ပဏီ BYD ဟာ တက်စ်လာ ကုမ္ပဏီကို ကျော်ပြီး ကမ္ဘာ့ အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူ ဖြစ်လာပါတယ်။
BYD ရဲ့ ထိုင်းနိုင်ငံအတွင်း တဦးတည်းသော ဖြန့်ဖြူး ရောင်းချသူက ထိုင်းနိုင်ငံအတွင်း အရောင်းကိုယ်စားလှယ်တွေကို ၂ နှစ်အတွင်း သုံးဆတိုးပြီး ပြည်ပထိပ်တန်း ဈေးကွက်မှာ BYDရဲ့ အသာစီးရ နေတဲ့နေရာကို ခိုင်မြဲစေရေး ကူညီပေးမယ်လို့လည်း ပြောပါတယ်။
BYD ဟာ မနှစ် စတုတ္ထသုံးလပတ်မှာ ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား ထုတ်လုပ်သူအဖြစ် တက်စ်လာကုမ္ပဏီကို ကျော် တက်သွားခဲ့တာပါ။
အမေရိကန်ပြိုင်ဘက်က အဓိကရောင်းချသူဖြစ်မလာသေးတဲ့ စျေးကွက်ဖြစ်နေလို့ ထိုင်းနိုင်ငံမှာ လုပ်ငန်းတိုးချဲ့မှုဟာ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ တွန်းအားပေးမှုကို အလေးပေးတယ်လို့လည်း ပြောပါတယ်။
Rever Automotive ဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ထိုင်းနိုင်ငံအတွင်း BYD ရဲ့ လျှပ်စစ်ကားတွေ ကို စတင်ရောင်းချပေးခဲ့တဲ့ ဖြန့်ဖြူးသူဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အရောင်းကိုယ်စားလှယ်ပေါင်း ၂၀၀ ကို ပေါင်းထည့်ပြီး လုပ်ငန်းသုံးကားတွေကို ချဲ့ထွင်မယ်၊ ခရီးသည်တင်ကား အသစ်တွေ စျေးကွက်ထဲ ဝင်ရောက် လာမယ်လို့ ရေဗား အော်တိုမိုးတစ်ဗ်ရဲ့ CEO ပရာတန်ဝုန် ဖွန်ပရာဖှာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source/Photo - Reuters