အာဂျင်တီးနားအာဏာပိုင်တွေဟာ ကော်ဒိုဘာမြို့က သီးသန့်လူနေရပ်ကွက် တခုကနေ အီကွေဒေါ ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ရဲ့ မိသားစုဝင်တွေကို ဇန်နဝါရီ ၁၈ ရက်နှောင်းပိုင်းမှာ ထိန်းသိမ်း ခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။
ဖီတိုလို့ သိကြတဲ့ ဟိုဆေး အဒိုဖှို မာစီးယပ်စ်ရဲ့ ဆွေမျိုးတွေကို ရဲတွေက ကော်ဒိုဘာနဲ့ ဗျူးနော့အေးရီးစ်မြို့တွေက လေယာဉ်တွေဆီ ရဲတွေ ခြံရံပြီး ဇန်နဝါရီ ၁၉ ရက်က ခေါ်သွားတဲ့ ရုပ်သံကို အာဂျင်တီးနား လုံခြုံရေးဝန်ကြီးဌာနက ဖြန့်ချိခဲ့ပါတယ်။
မာစီးယပ်စ်ရဲ့ မိသားစုဝင်တွေ နောက်ဆုံးမှာ ဘယ်ရောက်သွားလဲ ဆိုတာအပြင် နောက်ထပ် အသေးစိတ် အချက်အလက်တွေကို လုံခြုံရေး၀န်ကြီး ပက်ထရစ်ရှာ ဘူးရစ်ချ်က သတင်းထုတ်ပြန်ဖို့ မျှော်လင့်နေကြပါတယ်။
မာစီးယပ်စ်ဟာ အီကွေဒေါဂိုဏ်း လော့စ်ချိုနဲရို့စ်ရဲ့ ခေါင်းဆောင်ပါ။
အခုလအစောပိုင်းမှာ ဂွါယာကေးမြို့က အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့အပြီး အာဂျင်တီးနားနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source/Photo - Reuters