Home
နိုင်ငံတကာ
လူ ၄၂၉ ဦးကို သေဆုံးမှုဖြင့် ကင်ညာဘာသာရေးခေါင်းဆောင်နှင့်အပေါင်းအပါများကို စွဲချက်တင်
DVB
·
January 20, 2024
Kenya world 2012024

ယုံကြည်သူ နောက်လိုက်နောက်ပါ ၄၂၉ ဦးကို ကောင်းကင်ဘုံရောက်ဖို့ အငတ်ခံသေခိုင်းခဲ့တဲ့ ကင်ညာက အစွန်းရောက် ဘာသာရေးဂိုဏ်းခေါင်းဆောင် ပေါလ်မက်ကင်ဇီနဲ့ ပူးတွဲတရားခံ  ၉၄ ဦးကို အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ရာဇဝတ်မှုတွေနဲ့ ဇန်နဝါရီ ၁၈ ရက်က စွဲချက်တင် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလက မက်ကင်ဇီကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့က  နိုင်ငံ အနောက်တောင်ပိုင်း မွမ်ဘာဆာမြို့က တရားရုံးမှာ ပထမဆုံးစွဲချက်တင်တာဖြစ်ပါတယ်။

ကောင်းသတင်း အပြည်ပြည်ဆိုင်ရာ ချာ့ချ်လို့ခေါ်တဲ့ အသင်းတော်ကို ဦးဆောင်တဲ့ မက်ကင်ဇီဟာ သူ့ကို ယုံကြည်သူတွေနဲ့ ယုံကြည်သူတွေရဲ့ သားငယ် သမီးငယ်တွေကို ကမ္ဘာမပျက်မီ ကောင်းကင်ဘုံ ရောက်အောင်ဆိုပြီး အစာငတ်အသေခံခိုင်းခဲ့တာဖြစ်ပါတယ်။

စွဲချက်နဲ့ပတ်သက်လို့မက်ကင်ဇီနဲ့ အပေါင်းအပါများကတော့ အပြစ်မရှိဘူးလို့ ငြင်းဆိုပါတယ်။

တောထဲက ပြန်တူးလို့ရတဲ့ အလောင်းတွေကို  ဆေးစစ်ချက်အရ အများစုက အစာငတ်သေတာ ဖြစ်ပေမဲ့ ကလေးတွေအပါအဝင် တစ်ချို့လူတွေဟာ လည်မျိုညှစ်သတ်၊ ရိုက်သတ်ခံရတာ၊ အသက်ရှုမဝ ဖြစ်အောင်လုပ်ပြီး အသတ်ခံရတာလို့ တွေ့ရှိပါတယ်။ 

မက်ကင်ဇီနဲ့ အဖွဲ့ကို အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီးတော့လည်း စွဲချက်တင်ထားပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013