အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်ဒီစီရဲ့ အရှေ့တောင်ပိုင်းက ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အဆောက်အအုံ တလုံး ပြားပြားဝပ် ပျက်စီးသွားတဲ့ ရုပ်သံကို မြို့တော်ရဲ့ အရေးပေါ်ဌာနက ဇန်နဝါရီ ၁၈ရက် မနက်ပိုင်းမှာ ရိုက်ကူးနိုင်ခဲ့ပါတယ်။
လူသေဆုံးမှုမရှိပေမဲ့ အမျိုးသား တဦး ဒဏ်ရာ နည်းနည်း ရခဲ့ပြီး အနားက နေ့ကလေး ထိန်းကျောင်းကနေ ကလေးငယ် ၁၆ ဦးကို ဘေးကင်းကင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှု သတင်းတွေကြောင့် ပေါက်ကွဲမှု မဖြစ်ခင်တည်းက မီးသတ်သမားတွေက အခင်းဖြစ်ပွားရာ နေရာမှာ ရှိနေခဲ့တာပါ။
ဓာတ်ငွေ့ယိုစိမ့်တဲ့ အိမ်နဲ့ အနီးဝန်းကျင် အိမ်တွေက လူတွေကို မီးသတ်ဌာနနဲ့ အရေးပေါ်ဌာနက ဝန်ထမ်းတွေက ဘေးကင်းရာ ရွှေ့ပေးနိုင်ခဲ့ကြပါတယ်။
မီးသတ်သမားတွေရဲ့အတွေး လျင်မြန်လို့ လူတွေကို ဘေးကင်းကင်း ကယ်ထုတ်နိုင်တဲ့အတွက် မီးသတ်သမားတွေကို ကျေးဇူးတင်တယ်လို့ မြို့တော်ဝန်က ပြောဆို ချီးကျူးခဲ့ပါတယ်။
ပေါက်ကွဲပျက်စီးသွားတဲ့ အဆောက်အအုံက ကုန်စုံဆိုင် တဆိုင်ဖွင့်ထားတဲ့ လူနေအိမ်ဖြစ်ပြီး တခြား အဆောက်အအုံ နှစ်ခုလည်း ပျက်စီးခဲ့ပါတယ်။
Source/Photo - Reuters