ရုရှားနိုင်ငံ ဘရိုင်ယန့်စ်ခ်ဒေသရှိ ကလင့်တ်စီမြို့မှာ စစ်တပ်က ယူကရိန်းဒရုန်းတစီးကို ပစ်ချခဲ့ပြီးနောက်မှာ သိုလှောင်ရုံကြီးတခုရှိ ရေနံသိုလှောင်ကန်တွေ မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်ဒါ ဘိုဂိုမက်ဇ်က ဇန်နဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပဏာမ သတင်းအချက်အလက်တွေအရ မီးလောင်မှုကြောင့် ထိခိုက်သူမရှိကြောင်း ဘိုဂိုမက်ဇ်က ပြောကြားပြီး မီးကိုတော့ မီးသတ်အဖွဲ့တွေက ငြှိမ်းသတ်ထားပြီ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဟာ ရေဒီယို-အီလက်ထရွန်းနစ် နည်းလမ်းတွေကို သုံးပြီး လေယာဉ်ပျံပုံစံ ဒရုန်းယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်းနဲ့ ဝေဟင်ပစ်မှတ်ကို ဖျက်ဆီးလိုက်တဲ့အခါမှာ သူ့ခဲယမ်းအပိုင်းအစတွေက ကလင့်စ်ကီ ရေနံချက်စက်ရုံပိုင်နက်မှာ ပြန့်ကြဲကျသွားတယ်လို့ ဘိုဂိုမက်ဇ်က တယ်လီဂရမ်အက်ပ်မှာ ရေးသားခဲ့ပါတယ်။
နောက်ထပ် ယူကရိန်းဒရုန်းယာဉ် နှစ်စီးကိုလည်း ဘရိုင်ယန့်စ်ခ်ရဲ့ တခြားနေရာတွေမှာ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချခဲ့ကြောင်းလည်း ဘိုဂိုမက်ဇ်က ပြောပါတယ်။
ဗီဒီယိုဖိုင်နဲ့ ဂြိုဟ်တုပုံရိပ်တို့နဲ့ လိုက်ဖက်တဲ့ ရထားလမ်းဘေးရှိ သတ္တုအဆောက်အဦ၊ ဆီသိုလှောင်တာဝါတွေနဲ့ ဓာတ်အားပေးတိုင်ကြီးတွေရဲ့ တည်နေရာကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။
Source/Photo-Reuters