ပြင်သစ်လက်ရွေးစင်အသင်းရဲ့ စီနီယာကစားသမားတွေ အနားယူသွားခဲ့ပေမဲ့ အသင်းအပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း တိုက်စစ်မှူး အမ်ဘာပေက ပြောပါတယ်။
အမ်ဘာပေဟာ ဂိုးသမားဟူဂိုလိုရစ်၊ နောက်ခံလူ ဗာရန်းနဲ့ တိုက်စစ်မှူးဘင်ဇီမာတို့ အနားယူသွားပြီးနောက် ပြင်သစ်အသင်းခေါင်းဆောင်ဖြစ်လာခဲ့တာပါ။
အသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင်စွမ်းဆောင်ခဲ့တဲ့ အရေးပါတဲ့ စီနီယာတွေဆုံးရှုံးခဲ့ရပေမဲ့ သက်ရောက်မှုမရှိခဲ့ကြောင်း၊ ပြင်သစ်အသင်းဟာ စည်းလုံးညီညွတ်မှုနဲ့အတူ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း အမ်ဘာပေကပြောပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဖြစ်လာတာက အောင်မြင်မှုရယူဖို့ ပိုမိုအာရုံစိုက်ဖြစ်စေခဲ့ပြီး အားအင်အသစ်တွေ ဖြစ်စေခဲ့ကြောင်း အမ်ဘာပေကပြောပါတယ်။
ဥရောပမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ဂန္ထဝင်ကစားသမားတွေ ထွက်ခွါသွားတာက ဘောလုံးလောကရဲ့ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး အဲဒီလိုအပြောင်းအလဲအပေါ် စိုးရိမ်စရာမရှိကြောင်း အမ်ဘာပေက ပြောသွားပါတယ်။
Photo-Reuters