တောင်ကိုရီးယားနိုင်ငံကို နံပါတ်တစ် ရန်သူတော်နိုင်ငံလို့ မြောက်ကိုရီးယား အခြေခံဥပဒေမှာ ပြင်ဆင်ဖော်ပြဖို့ ကင်မ်ဂျုံအန်းက တိုက်တွန်းလိုက်ပြီး သူ့နိုင်ငံဟာ စစ်ကိုရှာနေတာ မဟုတ်ပေမဲ့ စစ်ကိုရှောင်ဖို့လည်း မရည်ရွယ်ဘူးလို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဇန်နဝါရီ ၁၆ ရက်မှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးဟာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ မြောက်ကိုရီးယားပါလီမန် အစည်းအဝေးမှာ ကင်မ်က ပြောကြားခဲ့သလို တောင်ကိုရီးယားဟာ မိမိတို့အစိုးရပြိုလဲပြီး ဝါးမြိုတဲ့နည်းနဲ့ ပေါင်းစည်းချင်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို ကိုင်တွယ်ရတဲ့ အဖွဲ့အစည်းသုံးဖွဲ့စလုံးကို ဖျက်သိမ်းမှာြဖစ်ပြီး ကိုရီးယားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းကိုလည်း ရပ်တန့်ပစ်မှာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ဆက်ဆံရေး တင်းမာလာနေချိန် မြောက်ကိုရီးယားက ဆယ်စုနှစ်များစွာ ကျင့်သုံးနေတဲ့ မူဝါဒကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
နှစ်ဖက်ဆက်ဆံရေးဟာ လက်ရှိခေါင်းဆောင်ရဲ့အဘိုး ကင်မ်အီဆွန်းလက်ထက် ၁၉၅၀ ဇွန်လအစောပိုင်းက အခြေအနေထက်တောင် ပိုအန္တရာယ်ကြီးနေပြီး အချိန်မရွေး စစ်ဖြစ်သွားနိုင်တယ်လို့ အမေရိကန်အခြေစိုက် 38 North Project ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
Source/Photo-Reuters