ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆောင်ပေါလိုပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
မိုးပြင်းလေပြင်း ရွာချတိုက်ခတ်မှုတွေကြောင့် သစ်ပင်တွေ ပျက်စီး၊ လမ်းတွေ ရေလျှံကာ ပြည်နယ်နေရာ အတော်များများမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဆောင်ပေါလိုပြည်နယ် ယူခိချီဘာမြို့မှာ ထရပ်ကားတစီး မောင်းနှင်သွားနေတုန်း ရေကြီးရေလျှံတဲ့အထဲ နစ်မြုပ်သွားခဲ့ပြီး ခရီးသည်တဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။
ဆောင်ဘာနားဒို ဒိုကမ်ပိုမြို့မှာလည်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျသွားတဲ့ အိမ်တလုံးမှာ အမျိုးသားတစ်ဦး သေဆုံးနေတာကို သောကြာနေ့ညနေပိုင်းက တွေ့ရှိခဲ့ပါတယ်။
ဒေသတချို့မှာ သစ်ပင်တွေလဲကျခဲ့ပြီး စနေနေ့ ဒေသစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်အထိ ပြည်နယ်မြို့တော် ဆောင်ပေါလို ရှိ ကွန်းဂွန်ယက်စ် လေဆိပ်မှာ စုစုပေါင်း ခရီးစဉ် ၂၅ ခုကို ဖျက်သိမ်းထားပါတယ်။
Source/Photo - Reuters