မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွေးစွန်းဟီးဟာ ခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံဆီ သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားအစိုးရတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကို ညွှန်ပြနေတယ်လို့ တောင်ကိုရီးယားသတင်းဌာန ယုံဟပ်က သုံးသပ်ထားပါတယ်။
ရုရှာနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ်လာ့ဗ်ရော့ဗ်ရဲ့ ဖိတ်ကြားချက်အရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ DPRK ရဲ့ နိုင်ငံခြားရေးဝန်ကြီး ချွေးစွန်းဟီးဟာ ဇန်နဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆီ တရားဝင်လာရောက် လည်ပတ်မယ်လို့ မြောက်ကိုရီးယားရဲ့ တရားဝင် သတင်းအေဂျင်စီက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံတဲ့ စက်တင်ဘာ ထိပ်သီးအစည်းအဝေးအပြီး မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ဖလှယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီဇင်ဘာ ၃၀ နဲ့ ဇန်န၀ါရီ ၂ ရက် အစောပိုင်းက ပစ်ခတ်မှုအပြီး ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံဆီ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တွေကို မကြာသေးမီက ထပ်ပြီး ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters