Home
နိုင်ငံတကာ
ယူကရိန်းအတွက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရာတွင် ပြင်သစ် ပူးပေါင်းကူညီမည်
DVB
·
January 15, 2024
French Foreign and European Affairs Minister Stephane Sejourne visits in Kyiv

ယူကရိန်းနိုင်ငံအတွက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ပံ့ပိုးပေးမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတက်ဖန်းဇေယွန်းက ဇန်နဝါရီ ၁၃ ရက်မှာ ကတိပြုလိုက်ပါတယ်။

သူ့ရဲ့ အခန်းကဏ္ဍသစ်မှာ ပထမဆုံးတရားဝင်ခရီးစဉ်အတွင်း ယူကရိန်းမြို့တော် ကိယက်ကို ရောက်နေချိန်မှာ ကတိပြုခဲ့တာပါ။

ရုရှားကျူးကျော်မှုကို ၂ နှစ်နီးပါးကြာ တိုက်ထုတ်ခဲ့ပြီးတဲ့နောက် ယူကရိန်းအစိုးရဟာ အနောက် မဟာမိတ်တွေဆီက စစ်ရေးနဲ့ ငွေကြေး အကူအညီတွေ စီးဆင်းမှုကို ထိန်းသိမ်းထားဖို့ ကြိုးပမ်းနေ ပါတယ်။

ရုရှားနိုင်ငံကနေ ယူကရိန်းဆီ ဒုံးကျည်အစင်း ၄၀ နဲ့ ဒရုန်းတွေကို ပစ်လွှတ်တိုက်ခိုက်အပြီး နာရီပိုင်းအကြာမှာ ယူကရိန်းမြို့တော်ဆီ ရောက်လာတဲ့ ဇေယွန်းကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာက ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ စက်ရုံတွေထူထောင်ရာမှာ ပြင်သစ်ကုမ္ပဏီတွေကို ကူညီဖို့ အီးယူနဲ့ နှစ်နိုင်ငံ တရားဝင်ပြဿနာတွေကို မကြာမီရက်တွေ သီတင်းပတ်တွေအတွင်း ဖြေရှင်း ဆောင်ရွက် သွားမယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။

ယူကရိန်းနဲ့ ပြင်သစ် ကာကွယ်ရေးကုမ္ပဏီတွေဟာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေကို ချုပ်ဆိုထားပြီးပြီလို့လည်း ခူလေဘာက ပြောခဲ့ပါတယ်။

ဇေယွန်းက ယူကရိန်းမှာ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ တယ်လီကွန်းနှင့် ရေကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ပြင်သစ်ကုမ္ပဏီတွေကို အားပေးခဲ့ပါတယ်။

စစ်ရေးအကူအညီနဲ့ပတ်သက်ပြီး နောက်ထပ် ကြိုးပမ်းဖို့ လိုတယ်၊ အစိုးရနှစ်ရပ်ကြား ဆွေးနွေးပွဲတွေ လာမယ့်သီတင်းပတ်တွေမှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပုဂ္ဂိုလ်ရေးအရ ယုံကြည်တယ်လို့လည်း ဇေယွန်းက ပြောပါတယ်။

ချိန်းဆိုပြီးနောက် တစ်ရက်အကြာမှာ ယူကရိန်းမြို့တော်ဆီ ပထမဆုံး ပြည်ပခရီးစဉ်အပြီး ဇေယွန်းဟာ ဘာလင်နှင့် ဝါဆောမြို့တွေဆီ သွားမှာပါ။

ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်တို့အကြား အလွတ်သဘော ဆွေးနွေးတဲ့ ဖိုရမ်ဖြစ်တဲ့ ဝိုင်မာ တြိဂံ ဖိုရမ်ကို အထူးအလေးထားတယ်လို့လည်းဇေယွန်းက ပြောပါတယ်။

Source/Photo - REUTERS/Gleb Garanich

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024