Home
နိုင်ငံတကာ
တရုတ်နိုင်ငံအလယ်ပိုင်း၌ ကျောက်မီးသွေးတွင်း မတော်တဆမှုဖြစ်ပြီး လူ ၁၀ ဦး သေဆုံး
DVB
·
January 15, 2024
China Coal Mine accident_15012024

တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်၊ ပင်းဒင်းရှန်းမြို့ရှိ ကျောက်မီးသွေးတွင်း ၁ တွင်းမှာ သောကြာနေ့ မွန်းလွဲပိုင်းက မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦး သေဆုံးကာ ၆ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

ပင်းဒင်းရှန်း ထျန်းနန် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလိမိတက်က စီမံလုပ်ကိုင်နေတဲ့ ကျောက်မီးသွေးတွင်းမှာ သောကြာနေ့မွန်းလွဲပိုင်း ၁၄ နာရီ ၅၅ မိနစ်က မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ပဏာမ စုံစမ်းစစ်ဆေးမှုအရ အဲဒီ မတော်တဆမှုဟာ ကျောက်မီးသွေးနဲ့ ဓာတ်ငွေ့တွေ ရုတ်တရက်ပေါက်ကွဲခြင်းကြောင့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

မတော်တဆမှု ဖြစ်ပွားချိန်မှာ မြေအောက်မှာ အလုပ်လုပ်နေသူ စုစုပေါင်း လူ ၄၂၅ ဦး ရှိနေခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲဖြစ်ပြီး ကျောက်မီးသွေးတွင်း တာဝန်ခံတွေကို ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024