ကိုလံဘီယာနိုင်ငံ အနောက်မြောက်ဒေသ ချိုကိုမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၃၇ ဦးထက်မနည်းရှိလာပြီလို့ အာဏာပိုင်တွေက ဇန်နဝါရီလ ၁၃ ရက်နေ့မှာ CNN သတင်းဌာနကို ပြောပါတယ်။
ဒဏ်ရာရသူ ဘယ်လောက်ရှိသလဲတော့ အတိအကျ မသိရသေးပါဘူး။ ၂၄ နာရီဆက်မိုးသည်းထန်ခဲ့အပြီးမှာ ကျီဘဒို နဲ့မယ်ဒယ်ယင်း မြို့ကြားချိတ်ဆက်ထားတဲ့ လမ်းမှာ မြေပြိုတာ ဖြစ်ပါတယ်။
တောင်တစ်တောင်က မြေစိုင်ခဲကြီး ပဲ့ကျပြီး အောက်က ရေမြုပ်နေတဲ့လမ်းပေါ်မှာ သွားနေတဲ့ ကားတွေပေါ် တည့်တည့်ပြုတ်ကျလာတဲ့ပုံရိပ်တွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။
အလောင်း ၁၇ လောင်း လောက် စစ်ဆေးဖို့အတွက် မယ်ဒယ်ယင်းကို ပို့ဆောင်ပြီးဖြစ်တယ်လို့သိရပါတယ်။
“ချိုကိုဒေသအတွက် အလွန်ဝမ်းနည်းစရာ ကောင်းတဲ့ပိတ်ရက်ပါ။ ကျွန်မပြည်သူတွေ အတိဒုက္ခခံစားနေကြရပါတယ်။ သူတို့ဆွေမျိုးသားချင်းတွေ သတင်းကို ချိုကိုနယ်သားတွေ မသိရမချင်း ကျွန်မ မနားမနေ လုပ်ဆောင်သွားမှာပါ” လို့ ချိုကိုပြည်နယ်အုပ်ချုပ်ရေးမှူး နူဘီယာ ကာရိုလိုင်းနား ကော်ဒိုဘား ကျူရီက ပြောပါတယ်။
ကိုလံဘီယာမှာ ဒီလိုမျိုးရွှံ့မြေပြိုတာတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ ၂၀၁၇ တုန်းကလည်း နိုင်ငံတောင်ပိုင်းမှာ မုတ်သုန်မိုးသည်းထန်စွာရွာသွန်းအပြီးမှာ မိုကိုအာ တစ်မြို့လုံး ရွှံ့တွေဖုံးပြီး လူ ရာနဲ့ချီသေဆုံးခဲ့ဖူးပါတယ်။
Source/Photo - Colombian Police/Handout via REUTERS