Home
နိုင်ငံတကာ
ထိုင်ဝမ် အနိုင်ရပါတီကို နိုင်ငံခြားအစိုးရများ ဂုဏ်ပြု
DVB
·
January 14, 2024
Presidential and parliamentary elections in Taiwan

အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ သမ္မတလောင်း လိုင်ချင်းတယ်က ဇန်နဝါရီ ၁၃ ရက်မှာ အနိုင်ရရှိခဲ့တဲ့ ထိုင်ဝမ်ရွေးကောက်ပွဲ ရလဒ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံခြားအစိုးရတွေနဲ့ ကမ္ဘာတဝန်းက တာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြန်ရင်း ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိသေးပေမယ့် ဂျပန်နိုင်ငံဟာ အရေးကြီးတဲ့ မိတ်ဖက် ဆက်ဆံရေးနဲ့  ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုခို ခါ့မိခါ့ဝါ့က စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ပြောခဲ့ပါတယ်။ 

ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကတော့ ခါ့မိခါ့ဝါ့ရဲ့ ဂုဏ်ပြုစကား ပြောကြားချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ ဇန်နဝါရီ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။

DPP ပါတီက လိုင်ရဲ့ အောင်ပွဲဟာ “ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးရဲ့ အခြေခံအခင်းအကျင်းကို အပြောင်းအလဲလုပ်မှာ မဟုတ်ဘဲ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာဆန့်ကျင်တယ်”လို့ တရုတ် နိုင်ငံတော်ကောင်စီ၊ တိုင်ပေ ရေးရာရုံးက သူ့ရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က “ထိုင်ဝမ်ရဲ့ ခိုင်မာတဲ့ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေရဲ့ ကြံ့ခိုင်မှုကို ပြသခြင်း’အတွက် DPPရဲ့ အောင်ပွဲအတွက် လိုင် နဲ့  ထိုင်ဝမ် ပြည်သူတွေကို ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။ 

အမေရိကန် အစိုးရဟာ လိုင်နဲ့ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပြီး အမေရိကန်နဲ့ ထိုင်ဝမ်ကြား “တရားဝင်မဟုတ်ပေမယ့် ကြာရှည်တဲ့ ဆက်ဆံရေး” ကို ဆက်လက်ထားရှိဖို့ မျှော်လင့်တယ်လို့လည်း ဘလင်ကန်က ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်တို့ကြား ငြိမ်းငြိမ်းချမ်းချမ်း ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းပြီး ရွေးကောက်ပွဲကို ထိုင်ဝမ်ရဲ့ တက်ကြွတဲ့ ဒီမိုကရေစီရဲ့ သက်သေအဖြစ် ဗြိတိန်အစိုးရကထုတ်ပြန်တဲ့ ဂုဏ်ပြု ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။

တရုတ်ပြည်မကြီး အစိုးရနဲ့ အမေရိကန်တို့ကြား ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေ ကြီးထွားလာချိန်မှာ ထိုင်ဝမ် ရွေးကောက်ပွဲကို ကျင်းပခဲ့တာပါ။ 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးကတည်းက တရုတ်ဟာ ကျွန်းနားမှာ အဓိက စစ်အင်အားပြပွဲ နှစ်ကြိမ် ကျင်းပခြင်းအပါအဝင် ထိုင်ဝမ်ရေလက်ကြားမှာ မကြုံစဖူး စစ်ရေးလှုပ်ရှားနေခဲ့ပါတယ်။

Source/Photo - REUTERS/Carlos Garcia Rawlins

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024