တူရကီစစ်တပ်ဟာ အီရတ်မြောက်ပိုင်းက ကာ့ဒ်စစ်သွေးကြွ ၂၃ ဦးနဲ့ ဆီးရီးယားမြောက်ပိုင်းက ၉ ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း တူရကီ စစ်သား ၉ ဦး သေဆုံးပြီး နောက်တစ်နေ့မှာ တူရကီစစ်တပ်က ခုလို ပြောလိုက်တာပါ။
တူရကီတပ်ဖွဲ့တွေဟာ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းတို့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေကလဲ ဒေသနှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကာဒစ္စတန် လုပ်သားပါတီ (PKK) စစ်သွေးကြွတွေနဲ့ ဇန်နဝါရီ ၁၂ ရက်တိုက်ပွဲမှာ တူရကီစစ်သား ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဝန်ကြီးဌာနက ဖြစ်ရပ်အပြီးမှာ ပြောပါတယ်။
PKK စစ်သွေးကြွတွေကို ရှင်းလင်းဖို့ တူရကီနိုင်ငံရဲ့ ထိုးစစ်တစိတ်တပိုင်းအနေနဲ့ တူရကီတပ်ဖွဲ့တွေက အီရတ်နိုင်ငံထဲမှာ “Claw-Lock” လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးကို ဆောင်ရွက်နေတာပါ။
တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ PKK ပါတီဟာ ၁၉၈၄ ခုနှစ်မှာ တူရကီအစိုးရကို လက်နက် စွဲကိုင် တော်လှန်ခဲ့ပါတယ်။
Source/Photo - Reuters