Home
နိုင်ငံတကာ
ထိုင်ဝမ် အတိုက်အခံပါတီ ၂ ခု ရွေးကောက်ပွဲ ရှုံးနိမ့်
DVB
·
January 14, 2024
Taiwan opposition leaders concede defeat as ruling party wins election

ထိုင်ဝမ်ရဲ့အဓိက အတိုက်အခံဖြစ်တဲ့ ကူမင်တန် ပါတီခေါင်းဆောင် ဟို့ယူအာနဲ့ ထိုင်ဝမ် ပြည်သူ့ပါတီငယ် ခေါင်းဆောင် ခို့ဝမ်ကျယ်တို့က ဇန်နဝါရီ ၁၃ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံသွားပါတယ်။

ဒီရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေ အလှည့်ကျ အနိုင်ယူဖို့ တာဝန် မအောင်မြင်တဲ့အတွက် လူထုရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်မိစေလို့ ထောက်ခံသူတွေကို အမြင့်ဆုံး တောင်းပန်ပါတယ်လို့ ဟို့က ပြောပါတယ်။ 

မဲရုံပိတ်ပြီး နာရီပိုင်းအကြာမှာပဲ ဟို့က အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ သမ္မတလောင်း ကိုယ်စားလှယ် လိုင်ကျင်းတဲ့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ပြည်သူ့ မျှော်လင့်ချက်ကို စိတ်ပျက်အောင် မလုပ်မိစေဖို့ တိုက်တွန်းခဲ့ပါတယ်။

ထိုင်ပေမြို့တော်ဝန်ဟောင်း ခို့ဝမ်းကျယ်ကလည်း မဲရှုံးကြောင်း တပြိုင်တည်း ဝန်ခံခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူ တည်ထောင်ခဲ့တဲ့ ပါတီဟာ ထိုင်ဝမ်နိုင်ငံရေးမှာ တတိယအင်အားစုဖြစ်လာပြီး သူတို့ရဲ့အသံက တိုင်းပြည်ကို လမ်းညွှန်တဲ့ အဓိကပါဝါ ဖြစ်လာမှာမို့ သူ့ကို ထောက်ခံသူတွေ  လက်မလျှော့ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

ထိုင်ဝမ်မှာ DPP ပါတီက ရှစ်နှစ်ကြာအုပ်ချုပ်ပြီးတဲ့နောက် အစိုးရ အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်လို့ KMT နဲ့ TPP တို့က ပြောခဲ့ပါတယ်။ မနှစ်နှောင်းပိုင်းမှာ ပါတီနှစ်ရပ် ပူးပေါင်းပြီး DPP ပါတီကို ပူးတွဲအနိုင်ယူရေး ကြိုးပမ်းမှုက ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲမှာ ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း လိုင်ကျင်းတဲ့ အနိုင်ရတဲ့အတွက် ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေးရဲ့ အခြေခံအခင်းအကျင်းက အပြောင်းအလဲ ဖြစ်မှာမဟုတ်ဘူးလို့ တရုတ် ထိုင်ဝမ်ရေးရာရုံးက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။

ရလဒ်တွေအရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ဟာ ကျွန်းပေါ်က ပင်မလူထုရဲ့ သဘောထားကို ကိုယ်စားမပြုနိုင်ဘူးလို့လည်း တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးရဲ့  ပြောရေးဆိုခွင့်ရှိသူ ချန်ဘင်ဟွာက ရုံးရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024