Home
နိုင်ငံတကာ
အစ္စရေး ဓားစာခံများဆီ ဆေးဝါးပေးပို့နိုင်ရေး သဘောတူညီမှုရ
DVB
·
January 14, 2024
Through loudspeakers over to Gaza, hostages' families shout to loved ones

ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေဆီကို ဆေးဝါးတွေ ပေးပို့နိုင်ရေး ကာတာနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ သဘောတူညီချက်ရရှိခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ပါတယ်။

ဓားစာခံတချို့ရဲ့မိသားစုဝင်တွေက ကာတာနိုင်ငံကို သွားရောက်ပြီး ကြားဝင်ညှိနှိုင်းပေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံကာ အဖမ်းခံထားရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးဝါးပုံမှန်သောက်သုံးဖို့ လိုတယ်ဆိုတာ အသိပေး၊ အကူအညီတောင်းခဲ့တာလို့ CBS ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

ဂါဇာမှာ ဓားစာခံ ၁၀၅ ယောက်လောက် အသက်ရှင်လျက် ဖမ်းဆီးခံထားရတယ်လို့ အစ္စရေးက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တိုက်ခိုက်မှုမှာ အစ္စရေးက လူ ၂၄၀ လောက် ဖမ်းခေါ်ခံခဲ့ရပြီး အဲဒီအထဲက ၁၀၅ ဦးကို နိုဝင်ဘာလကုန် ခြောက်ရက်အပစ်အခတ်ရပ်တဲ့အချိန် ဟားမတ်စ်ဘက်က ပြန်လွှတ်ပေးခဲ့ပေမဲ့ ၂၅ ဦးကတော့ သေဆုံးပြီလို့ ယူဆရပါတယ်။

ဟားမတ်စ်ဘက်ကရော အစ္စရေးဘက်ကပါ ဓားစာခံတွေဆီ ဆေးဝါးရောက်ရှိရေးခွင့်ပြုပေးဖို့ လိုလားကြတယ်လို့ သိပါတယ်။

ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ကြေညာချက်အရ ဆေးဝါးတွေကို လာမယ့်ရက် အနည်းငယ်အတွင်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက်ရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ဘာနီယာက ကာတာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုမှာပါဝင်ခဲ့တယ်လို့ အစ္စရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024