Home
မြန်မာသတင်း
နန့်မွန်းမြို့တွင် NLD ပါတီဝင်ဟောင်း ၁ ဦး ပစ်သတ်ခံရ
DVB
·
January 14, 2024
Nant Munt_14012024

ကချင်ပြည်နယ်၊ နန့်မွန်းမြို့မှာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက NLD ပါတီဝင်ဟောင်းတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ ကိုဆန်းလင်းစိုးဟာ အရင်က NLD ပါတီဝင်ဖြစ်ခဲ့ပေမဲ့ အခုတော့ ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပြီး သေနတ်သမားက နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ည ၇ နာရီလောက်က သူတယောက်တည်း ရှိတဲ့အချိန်  ဝင်ပစ်သွားတာ။ အချက်ရေ အတော်များတယ်။ အားလုံးပေါင်း ၅ ချက်လောက် ထိတယ်။ အနီးအနားလည်း ဆူညံသွားတာပဲ။ ဘယ်အဖွဲ့အစည်းက ပစ်သွားတယ်ဆိုတာကတော့ တိတိကျကျ မသိဘူး” လို့ ပြောပါတယ်။

ပစ်ခတ်ခံရလို့ ကိုဆန်းလင်းစိုးရဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရခဲ့ပြီး ဒေသခံတွေက  ပြည်သူ့ဆေးရုံကို ပို့နေတုန်း သေဆုံးသွားခဲ့တာပါ။

ကိုဆန်းလင်းစိုးဟာ ၂၀၁၅ ခုနှစ်မှာ နန့်မွန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ ပါတီကနေ အထုတ်ခံခဲ့ရပြီးနောက် ဒေသတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေး  လက်မှုသင်တန်းတွေပေးနေသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေ ၂၉ ရက်ကလည်း နန့်မွန်းမြို့မှာ  အမည်မသိသေနတ်သမားက နေအိမ်တလုံးထဲကို ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အိမ်ရှင် အမျိုးသားတယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024