နိုင်ပွဲရယူဖို့ ဒီဘရိုင်းလို ကစားသမားလိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ဒီဘရိုင်းက ၆၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးသွင်းခဲ့သလို အနိုင်ဂိုးအတွက်လည်း ဖန်တီးပေးခဲ့တာပါ။
ဒီဘရိုင်းဟာ ဒဏ်ရာကနေ ၅ လလောက် အနားယူခဲ့ရပြီးနောက် ဒုတိယမြောက် ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ပြန်ရခဲ့တာပါ။
ပွဲကို အနိုင်ရဖို့ဆိုရင် ဒီဘရိုင်းနဲ့ ဟာလန်းလို ကစားသမားတွေရှိဖို့ လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဒါ့အပြင် ဒီဘရိုင်းနဲ့အတူ ၈ နှစ်ကြာ အတူဖြတ်သန်းလာခဲ့ပြီးနောက်မှာ ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာ အထာသိနေပြီဖြစ်ပြီး ဒီဘရိုင်းက ဂိုးဧရိယာရှေ့မှာ ထူးချွန်စွာ လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း၊ နည်းဗျူဟာအရ လုပ်ဆောင်နိုင်တာမျိုးမဟုတ်ဘဲ ပင်ကိုစွမ်းရည် ထူးချွန်မှုကြောင့် လုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဒီဘရိုင်းကတော့ အသင်းကို ကူညီနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိပြီး အဲဒီလို အခိုက်အတန့်တွေကို လွမ်းဆွတ်နေရတာ ကြာပြီဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။
Photo-REUTERS/Scott Heppell