အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယီမင်နိုင်ငံထဲက ဟူသီတပ်ဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့တွေလို့ ဇန်နဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေက ယီမင်နိုင်ငံ အနှံ့ လေကြောင်းတိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာကို ညတွင်းချင်း ဆင်နွှဲခဲ့ကြပြီးတဲ့နောက် ခုလို ပြောလိုက်တာပါ။
ဟူသီသူပုန်တွေက ဒေါသထွက်စရာကောင်းတဲ့ အပြုအမူတွေ ဆက်လုပ်နေရင် အမေရိကန် အစိုးရက တုံ့ပြန်သွားမယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုတုံ့ပြန်တဲ့အနေနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီ တိုက်ခိုက်ရေးသမားတွေက ပင်လယ်နီထဲက သင်္ဘောတွေကို လတော်တော်ကြာအောင် တိုက်ခိုက်ခဲ့တာပါ။
ဒါကြောင့် ယီမင်က ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ခဲ့တာလို့ ဗြိတိန်နဲ့ အမေရိကန် အစိုးရတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခ ကျယ်ပြန့်လာတာကို အထင်ရှားဆုံး ပြသချက်တွေထဲက တခု ဖြစ်လာပါတယ်။
အမေရိကန်ဟာ ယီမင်နဲ့ စစ်ပွဲဖြစ်ရတာကို မလိုလားပေမဲ့ နောက်ထပ် အရေးယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း အိမ်ဖြူတော်က သောကြာနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source/Photo - REUTERS/Leah Millis