မန်ယူကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။
အင်္ဂလန်တောင်ပံတိုက်စစ်မှူးဟာ မန်ယူအသင်းမှာ ၄ လလောက် ပွဲမကစားခဲ့ရပေမဲ့ ဒေါ့မွန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ပြီး ပထမဆုံးပွဲမှာပဲ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ဒေါ့မွန်အသင်းဟာ ဒမ်းစတက်ဒ်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဆန်ချိုက ပွဲချိန် ၅၅ မိနစ် မှာ လူစားဝင်ကစားခဲ့တာပါ။
၃၅ မိနစ် ကစားခဲ့တဲ့ဆန်ချိုဟာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်၊ အခွင့်အရေးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး မာကိုရွိက် သွင်းယူခဲ့တဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့တာပါ။
ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ပွဲပေါင်း ၁၃၇ ပွဲ ကစားခဲ့ပြီး ဂိုး ၅၀ သွင်းယူထားပါတယ်။
Photo-Reuters