Home
နိုင်ငံတကာ
လက်ဝဲယိမ်းတက်ကြွလှုပ်ရှားသူ ဥဒါဆော့ဗ်ကို ထိန်းသိမ်းရန် ရုရှားတရားရုံးက  အမိန့်ချ
DVB
·
January 13, 2024
Putin world 1312024

ရုရှားနိုင်ငံတရားရုံး တရုံးက ထင်ရှားတဲ့ လက်ဝဲယိမ်းတက်ကြွလှုပ်ရှားသူ ဆာဂေးလ် ဥဒါဆော့ဗ်ကို ဖေဖော်ဝါရီ ၁၅ ရက်အထိ တရားခွင်အကြို ထိန်းသိမ်းထားဖို့ ဇန်န၀ါရီ ၁၂ ရက်က အမိန့်ချခဲ့ပါတယ်။ 

ဥဒါဆော့ဗ်ဟာ ရုရှားသမ္မတ ပူတင်ကို ယူကရိန်းစစ်ပွဲအတွက် ကာလရှည်ကြာ ဝေဖန်ခဲ့သူလို့ ရုရှား အစိုးရမီဒီယာ RIA က ဖော်ပြပါတယ်။

ဒီစွဲချက်တွေဟာ ၂၀၂၂ ခုနှစ်မှာ အကြမ်းဖက်မှုနဲ့ တရားစွဲခံရတဲ့ အူဖှာမြို့က မာ့က်စ်ဝါဒီ အုပ်စုဝင် တွေကို ထောက်ခံ အားပေးမှုနဲ့ ပတ်သက်နေတယ်လို့ ဥဒါဆော့ဗ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ရုရှားဥပဒေအရ ဒီစွဲချက်တွေဟာ ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။

ဥဒါဆော့ဗ်ဟာ ရုရှားကွန်မြူနစ်ပါတီနဲ့ ဆက်နွယ်နေတဲ့ လက်ဝဲယိမ်းအဖွဲ့များ ညွန့်ပေါင်းအဖွဲ့ လက်ဝဲတပ်ဦးရဲ့ ခေါင်းဆောင်ပါ။

သူ့ဇနီး အန်နာစတေရှာဟာလည်း ရုရှားနိုင်ငံရဲ့ လွှတ်တော်မှာ ကွန်မြူနစ်အဖွဲ့ဝင် တဦးအဖြစ် တာဝန်ထမ်းဆောင် နေပါတယ်။ 

ဥဒါဆော့ဗ်ဟာ ရွေးကောက်ပွဲ မသမာမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲအပြီး မော်စကို မြို့တော်မှာ ၂၀၁၁-၂၀၁၂ ဆန္ဒပြပွဲတွေအတွင်း ထင်ရှားကျော်ကြားခဲ့ပါတယ်။ 

အဲဒီအချိန်က သူဟာ ရုရှားသမ္မတအပေါ် ဝေဖန်သူ အလက်ဇီ နာဗယ်ညီရဲ့ မဟာမိတ် ဖြစ်လာခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ်မှာ ဆန္ဒပြပွဲတွေလုပ်လို့ ထောင်ချခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပါတယ်။

သူဟာ ပူတင်ကို ဝေဖန်ဆဲဖြစ်ပေမဲ့ ယူကရိန်းပဋိပက္ ခစတင်ချိန်က စပြီး  ရုရှား စစ်ရေးလှုပ်ရှားမှု ကို ထောက်ခံခဲ့လို့ အတိုက်အခံဟောင်းတွေက သူ့ကို လမ်းခွဲခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024