တိုက်စစ်မှူးဟာလန်းဟာ ဇန်နဝါရီလကုန်အထိ ကစားနိုင်ဦးမှာမဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက အတည်ပြုသွားပါတယ်။
ဟာလန်းဟာခြေချောင်းရိုးဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ နောက်ဆုံး ၈ ပွဲ ကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
ခြေချောင်းဒဏ်ရာက မျှော်လင့်ထားတာထက် ပိုမိုရှုပ်ထွေးနေတာကြောင့် လက်ရှိအချိန်အထိ အပြည့်အဝ လေ့ကျင့်ခန်းမဆင်းနိုင်သေးလို့ အခုတစ်ပတ်ပွဲစဉ်တွေကိုလည်း လွဲချော်မှာပါ။
ဆရာဝန်ကလည်း တစ်ပတ်အနားယူဖို့လိုအပ်ကြောင်း အသိပေးထားလို့ ပွဲကစားနိုင်မှာ မဟုတ်ဘဲ ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်ရောက်မှ ပြန်လည်လေ့ကျင့်နိုင်မယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။ အဲဒီပွဲအပြီး ၂ ပတ်အနားရမယ့် မန်စီးတီးအသင်းဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းကို သွားရောက် လေ့ကျင့်မှာ ဖြစ်ပါတယ်။
Photo-Reuters